အစီအစဉ်

Sunday, June 6, 2010

စိတ်ဖြူပါ

Photobucket

- - - စိတ်ထားဖြူစင်။သူတော်လမ်းစဉ် ။တွင်တွင်ကျင့်ပွါးပါ။ မနာလိုကင်း ။ဣသာရှင်း ။လက်ငင်းချမ်းသာယခုဘ၀မှာ။ခဏတွေ့ လာစိတ်ဖြူပါ။ကြိုးစားပေးစမ်းပါ ။ ဘ၀နောင်ရေး ။ မှန်းကားတွေး။ကြံတွေးပြောစမ်းပါ်။ စိတ်ကောင်းလျင် ။ထိုသူပင် ။နတ်ပင်ချမ်းသာ။လူချမ်းသာ။ "လူနတ်အများ။ချမ်းသာပွါး ။ကျင့်ပေးစမ်းပါ "စိတ်ဖြူပါ ။ ☆ >>> ဂျိုဟိုးဆရာတော်။

Photobucket

မဟာစည်ဘုန်းတော်ဘွဲ့

+ စည်တော်သံများ မကြား,ကြာပြီ၊ လူရှင်အများ လိုလားကြသည်။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+သိက္ခာသုံးပါး ကြီးမားပေသည်၊ အတ္တ,ပရ ပြည့်ဝစုံညီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+စွယ်စုံပါမောက် ထွန်းတောက်ပါပြီ၊ လူရောနတ်ရော သဘောတူညီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+မကြုံစဖူး အထူးပေါ်သည်၊ ဇာနည်ယောက်ျား ပေါက်ဖွားပါပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+အပါယ်ဘေးကြီး တားဆီးဖို့ရည်၊ တရားစည်ကြီး ရိုက်တီးနေပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+မထိုက်သူများ ရှောင်သွားလိမ့်မည်၊ တရားစည်ကြီး ရိုက်တီးနေပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+နိဗ္ဗာန်လူနတ် အမြတ်ကိုရည်၊ တရားစည်ကြီး ရိုက်တီးနေပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+နှစ်ဖြာဓူရ ပြည့်ဝစုံညီ၊ ဇာနည်မုန်သောက် ပြောင်မြောက်ပေသည်။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+အပါယ်တံခါး ပိတ်သွားစေမည်၊ လူနတ်အများ ညွှတ်တွားယုံကြည်။
နိဗ္ဗာန်တံခါး ဖွင့်ထားလေသည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+သိက္ခာသုံးပါး ပြည့်ထွားစုံညီ၊ နိဗ္ဗာန်အောင်မြို့ ဆောင်ပို့ပါသည်။
ကိုယ်ကျိုးသူကျိုး သယ်ပိုးခဲ့သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+ ကမ္ဘာတလွှား နာကြားရွယ်ရည်၊ နတ်လူကြည်နူး အထူးရွှင်ကြည်။
တရားလမ်းပြ ဆုံးမနေသည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+ ကမ္ဘာအတွင်း ပျံ့သင်းယုံကြည်၊ ဇာနည်ပါမောက် အံ့လောက်ပေသည်။
မကြုံစဖူး အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+နိဗ္ဗာန်မြိုက်သီး ဖွင့်နည်းကြံစည်၊ မဂ်ဖိုလ်အောင်ပန်း ပြောင်လျှမ်းစုံညီ။
တရားစည်ကြီး ရိုက်တီးနေပြီ၊ တရားကိန်း အေးငြိမ်း မဟာစည်။

+စည်တော်သံများ နာကြားရွှင်ကြည်၊ သဒ္ဓါတရား ပြည့်ထွားစုံညီ။
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေမည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+ ကမ္ဘာအနှံ့ ဖြန့်ဖို့ကြံစည်၊ အမှတ်လုပ်ငန်း ကြိုးပမ်းခဲ့သည်။
သတ္တိတော်ထူး ထွတ်ဖူးဂုဏ်ရည်၊ တရားရေး အားပေး မဟာစည်။

+အာဂုံယုတ္တိ နှိုင်းညှိစုံညီ၊ လက်တွေ့တရား စာသွားနှင့်ညီ။
စွယ်စုံထွန်းပေါက် အံ့လောက်ဂုဏ်ရည်၊ တရားရေး အားပေး မဟာစည်။

+ဝိသေသဓာတ် ထူးမြတ်ပေသည်၊ ဇာနည်ယောက်ျား ပေါက်ဖွားလာသည်။
သမာဓိနှင့် ကဝိဂုဏ်ရည်၊ တရားရေး အားပေး မဟာစည်။

+ယောဂီအများ စိတ်ထားရွှင်ကြည်၊ အရှင့်ဂုဏ်ပေါင်း ခညောင်းအဉ္ဇလီ။
ဆယ်ဖြာစုပေါင်း လက်ချောင်းတင်ချီ၊ ရွှင်ကြည်မိုး ရှိခိုး စုံအညီ။